ကျွန်ုပ်တို့နှင့်ပါတ်သက်၍ ရှင်းလင်းတင်ပြချက်များ
၁။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဤ၀က်ဆိုက်လုပ်ငန်းနှင့်အတူ အောက်ဖော်ပြပါ လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်-
(က)ကြော်ငြာများထည့်သွင်းပေးခြင်း
(ခ)အဖိုးနှုန်းချိုသာသော webhosting လုပ်ငန်း
(ဂ)အီးမေလ်းများ
(ဃ)လွယ်ကူမြန်ဆန်သော အင်တာနက်ဆက်သွယ်ရေးစနစ် ( Internet Realy Caht Services)
(င)http://Mandalaycity.biz/simple ဟူသောလိပ်စာဖြင့်လည်း မိသားစုစကားဝိုင်းဖိုရမ်
(စ)နည်းပညာနှင့်သက်ဆိုင်သော စာအုပ်စာပေများအား အများပြည်သူလေ့လာနိုင်ရန်အခမဲ့ဖြန့်ဝေခြင်း
(ဆ)http://mandalaynews.net လိပ်စာဖြင့် မန္တလေးနေ့စဉ်သတင်းစာကိုဖြန့်ချိလွှင့်တင်ပေးထားခြင်း တို့ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ISP များမှ တာဝန်ရှိသူများအနေဖြင့် စိစစ်ကာ လိုအပ်သည်များကို စီစဉ်ဖြတ်တောက်ခြင်း၊ သတိပေး ဆောင်ရွက်ခြင်းတို့ကို အကြံပြုရန်ကဏ္ဍတွင်သော်လည်းကောင်း၊ webmaster ထံသို့အီးမေးဖြင့်သော်လည်းကောင်း၊သတိပေးခြင်း အကြံပေးခြင်းများလွတ်လပ်စွာဆောင်ရွက်နိုင်ကြပါသည်။ webmaster အီးမေးလ်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
webmaster@mandalaycity.info
root@mandalaycity.info
kyawlinnyein@goldencity.aisa
တယ်လီဖုန်း 02 64754၊ (36171၊ 36172 လိုင်းခွဲ - ၁၃၃)
၃။ မန္တလေးမြို့တော်နှင့်စပ်လျဉ်း၍အများပြည်သူသိသင့်သိထိုက်သည်များကိုလည်းကောင်း၊ ကမ္ဘာအရပ်ရပ်မှ လေ့လာလိုသူများ အတွက်သိသင့်သိထိုက်သည်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးရွှေမြို့တော်သို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်မှုပိုမိုတိုးတက်ရန်အတွက်ဖိတ်ခေါ်ထားခြင်းဖြစ်သည်ကတစ်ကြောင်းစသည်တို့ကြောင့်ကမ္ဘာ အရပ်ရပ်မှသာမက ပြည်တွင်းမှ အများပြည်သူလွတ်လပ်စွာ ၀င်ရောက်ကြည့်ရှုနိုင်ရေးအတွက် အကူအညီပေးစေလိုပါကြောင်း မေတ္တာရပ်ခံအပ်ပါသည် ISP များခင်ဗျား .. ... ... ..
ကျေးဇူးတင်စွာဖြင့်










