In commemoration of the Sesquicentennial Anniversary of the fandry of the Yadanabon Mandalay Capital; the seminar was held on April 28 morning at Union Solidary Development Association Hall.
Present on the occauion were departmental officials. authoritire concerned with commemoration ceremony, and local people.
The Seminar would be holding daily until 30th. April.
ရတနာပုံ မန္တလေး မြို့တည် နန်းတည် နှစ်(၁၅၀)ပြည့်ပွဲတော် အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ဧပြီ ၂၈ရက် ယနေ့မှ စတင်ပြီး မန္တလေးတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ခန်းမတွင် နံနက် ၉နာရီမှ ညနေ လေးနာရီအထိ ကျင်းပရာ စာတမ်းဖတ်ပွဲ ကျင်းပရေးအဖွဲ့ခေါင်းဆောင် ရှေးဟောင်းသုတေသန၊ ပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီးစာတမ်းရှင်များက စာတမ်းများကို အသီးသီးဖတ်ကြားကြပြီး မေးမြန်းလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ စာတမ်းဖတ်ပွဲအား သုံးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်သည်။

ပထမနေ့ဖတ်ကြားသောစာတမ်းများ
- ဦးမျိုးညွန့် မင်းတုန်းမင်းတရားကြီး၏ လောကီ၊ လောကုတ္တရာ နှစ်ဖြာ အကျိုးဆောင်ရွက်ချက်များ
- မမနိုင်(မန္တလေးရုပ်သေး) လွတ်လပ်ရေးရပြီးခေတ်မှသည် ယနေ့ မျက်မှောက်ခေတ် အထိ မြန်မာ့ရုပ်သေးရေစီးကြောင်း
- ဆွေနွယ့်ဦး မန္တလေးရာပြည့်မှသည် အနှစ်(၁၅၀)ရွှေမန္တလေးခေတ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်
- သင်းသင်း(မန္တလာ) မန်းရာပြည့်အလွန်မှသည် မျက်မှောက်ခေတ်အထိ မန္တလေး စာပေရေစီးကြောင်း
- မောင်အောင်ဖြိုးသန်း နှစ်(၁၅၀)အတွင်း ပြောင်းလဲလာသော မန္တလေးယဉ်ကျေးမှု
- စိုင်းအောင်မိန်း(မိုတိုင်း) ကျောက်ထက် အက္ခရာတင်ခြင်းနှင့် ပဉ္စမသင်္ဂါယနာတင်ခြင်း တို့အား အမှတ်မှား အမှားများခြင်း
- ဒေါက်တာစိုးလင်း(ရတနာပုံ) ဦးကောင်းလိမ်ထုတ် နှင့်ပါတော်မူပုံရိပ်များ
ဒုတိယနေ့ဖတ်ကြားသောစာတမ်းများ
- ဦးစိန်မြင့်(ရွှေချည်ထိုး) မန္တလေးခေတ် ကျေးလက်ယဉ်ကျေးမှုစာတမ်း
- ဒေါ်အိသန္တာ(သုတေသနလက်ထောက်(၃)၊ ယဉ်ကျေးမှုပြတိုက်နှင့်စာကြည့်တိုက်၊ မန္တလေး ရတနာပုံ မြို့တည် နန်းတည် သတ္တဌာန၀င် ပိဋကတ်တိုက်တော်စာတမ်း
- ဦးဇော်မိုးကျော်(ကထိက၊ ဂီတပညာဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနု ပညာတက္ကသိုလ်) နေမျိုးဗလစည်သူဘွဲ့ရ(ရွာစားကြီးစိန်ဗေဒါ)၏ ဘ၀နှင့်ဂီတစာတမ်း
- ဒေါက်တာဝင်းမင်းသိန်း(လက်ထောက် ကထိက၊ မြန်မာစာဌာန၊ မန္တလေးတက္ကသိုလ်) လူထုဒေါ်အမာ၏ မန္တလေးသူ၊ မန္တလေးသားများနှင့် စာပေ ဝေဖန်ရေး စာတမ်း
- ဦးကြည်လင့် (ကထိက၊ ပထ၀ီဝင်ဌာန၊ မန္တလေးတက္ကသိုလ်) ရတနာပုံ မန္တလေး မြို့တည် နန်းတည်ဘုရင် မင်းတုန်းမင်းတရားကြီး၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆောင်ရွက်ချက် များကို ပထ၀ီဝင် ရှုထောင့်မှ လေ့လာတင်ပြခြင်း}စာတမ်း
- ဒေါက်တာမာလာသိန်း (ကထိက၊ မြန်မာစာဌာန၊ မန္တလေးတက္ကသိုလ်) မန္တလေးခေတ် စာပေယဉ်ကျေးမှု စာတမ်း
- ဒေါ်ငွေသန်း(တွဲဖက်ပါမောက္ခ၊ သဘင်ပညာဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်၊ မန္တလေး) မန္တလေးမြို့ဂုဏ်ဆောင် သဘင်ပညာရှင်အချို့၏အထင်ကရ စွမ်းဆောင်ချက်များကို လေ့လာခြင်းစာတမ်း
တတိယနေ့ဖတ်ကြားသောစာတမ်းများ
- ဒေါ်ခင်ခင်ဝင်း(ပညာရေး)မန္တလေး နှစ်(၁၅၀)စာဆိုရှင်များနှင့်သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ စာတမ်း
- ဒေါက်တာမာလာ(တွဲဖက်ပါမောက္ခ၊ မြန်မာစာဌာန၊ မန္တလေး တက္ကသိုလ်) မန္တလေးဘွဲ့ (ယိုးဒယားသီချင်းကြီး)နှင့်မြနန္ဒာ(ကာလပေါ်သီချင်း) နှိုင်းယှဉ်လေ့လာချက်
- ဒေါ်တင်မမခိုင်(မန်းတက္ကသိုလ်)(အမျိုးသာစာပေဆုရ စာပေဝေဒ မြန်မာ့ဇာတာ ပညာရှင်) မြန်မာ့ရိုးရာဇာတာဓလေ့နှင့်ရတနာပုံ မန္တလေး မြို့နန်းသမိုင်းဝင် ဇာတာတော်များ}စာတမ်း
- ဦးမြတ်ထွန်းအောင်(ပါမောက္ခ၊ ပန်းချီပညာဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်၊ မန္တလေး) ရတနာပုံခေတ် တိုးတက်ပြောင်းလဲ လာခဲ့သော ပန်းချီပညာရပ်များအား လေ့လာခြင်း စာတမ်း
- ဦးနေအောင်(ကထိက၊ ပထ၀ီဝင်ဌာန၊ မန္တလေးတက္ကသိုလ်) မန္တလေးမြို့၏ ကျောက်ဆစ်လုပ်ငန်းကို ပထ၀ီဝင်ရှုထောင့်မှ လေ့လာခြင်း}စာတမ်း
- ဦးဝင်းမောင်(တမ္ပ၀တီ) မတဲနန်းတော်ရာ ဗိသုကာ မှတ်တမ်းစာတမ်း
- ဦးမောင်စိုး အနာဂတ်မန္တလေးမြို့တော်၏ပုံရိပ်များစာတမ်း တို့အားဖတ်ကြားတင်သွင်းကြသည်။
| < Prev |
|---|